ဇီးတောမူလွန်ကျောင်း တည်ဆောက်ရာတွင် ဦးဇင်းကိုယ်တိုင် (၁၅) သိန်း မတည်စိုက်ထုတ် လှူဒါန်းကာ ကျေးရွာတွင်း၌လည်းအလှူခံပြီး ရရှိသောအလှူငွေများကိုလည်း ကိုယ်တိုင်ထိန်းသိမ်း၍ ကြီးကြပ်ဆောက်လုပ်ခဲ့ပါသည်။
စာသင်ကျောင်းမှ ကျောင်းသားငယ်လေးများ၊ ဘုန်းတော်ကြီးကျောင်းမှ ကိုရင်၊ ကျောင်းသားများ၊ ကျေးရွာအတွင်းမှ လူငယ်များနှင့် ပြည်သူလူထူက အလှည့်ကျလုပ်အားပေး ဆောင်ရွက်ခဲ့ရပါသည်။
မိမိတို့ ကျေးရွာဒေသအတွင်းမှ ရနိုင်သော သဲ၊ ကျောက်၊ သစ်များကိုလည်း ကျေးရွာပြည်သူလူထု လုပ်အားဖြင့် ရယူခါ ဆောက်လုပ်ခဲ့သဖြင့် ကုန်ကျစရိတ်များစွာသက်သာပြီး မျှော်မှန်းသည်ထက် ခရီးရောက်ခဲ့ပါသည်။
မူလွန်ကျောင်းဆောက်လုပ်ရာတွင် ကျေးရွာအတွင်းရှိ ကျောင်းထိုင်ဆရာတော်နှစ်ပါးကို နာယက-သြ၀ါဒဆရာတော်များအဖြစ်ထားရှိခါ ဆရာတော်များ၏ ဦးဆောင်စည်းရုံးညွှန်ကြားမှု၊ ကျေးရွာ၊ မြို့နယ်အာဏာပိုင် အဖွဲ့အစည်း၊ ပညာရေးဋ္ဌာနတို့၏ ထောက်ခံအားပေးမှု၊ ကျေးရွာပြည်သူလူထု၏ လုပ်အား၊ ငွေအားဖြင့် ဆောက်လုပ်ခဲ့ရပါသည်။
မူလွန်ကျောင်းဆောက်လုပ်ရေးကိုတော့ ဦးဇင်းကိုယ်တိုင် အစီအစဉ်ရေးဆွဲချမှတ်၊ စည်းရုံး၊ ငွေစိုက်ထုတ်၊ အနီးကပ်ကြီးကြပ်၊ သက်ဆိုင်ရာဆရာတော်၊ လူပုဂ္ဂိုလ်များနှင့် ဆွေးနွေးတိုင်ပင်ကာ ဆောက်လုပ်နေပါသည်။
၂၀၀၈ ခုနှစ် မူလွန်ကျောင်းတည်ဆောက်နေစဉ်တွင်လည်း ဦးဇင်းကိုယ်တိုင် (၄) တန်းကျောင်းသားများကို ဆရာမများကိုယ်စား ပြဋ္ဌာန်း အင်္ဂလိပ်စာ သင်ရိုးကုန် သင်ကြားပေးခဲပြီး ညပိုင်းများတွင်လည်း ဘုန်းကြီးကျောင်းမှ အင်ဂျင်မီးဖြင့် အုပ်စုတွင်းမှ (၁၀)တန်းအောင်၊ ဘွဲ့ရကလေးများနှင့် ကျောင်းဆရာ/ဆရာမများကို အင်္ဂလိပ်စာနှင့် အခြေခံ ကွန်ပျူတာပညာကို သင်ကြားပေးနိုင်ခဲ့ပါသည်။
မူလွန်ကျောင်းဆောက်လုပ်ခြင်းလုပ်ငန်းကို ၂၀၀၈- ခုနှစ် သြဂုတ်လတွင်စတင်ခဲပြီး ဒီဇင်္ဘာလ (၃၀) ရက်နေ့တွင် ရွာမှ ရန်ကုန်သို့ ထွက်လာခဲ့ပြီး ရပ်နားခဲ့ပါသည်။ ရန်ကုန်တွင် BLCE သင်တန်းတက်ရောက်ရန် စီစဉ်ပြီးနောက် မလေးရှားသို့ ဇန်န၀ါရီ (၃၀) ရက်နေ့တွင် လာရောက်ခဲ့ပါသည်။
BLCE သင်တန်းပြီးဆုံးသောအခါ မလေးရှားသို့ပြန်ရောက်မည်ဖြစ်ပြီး April လကုန်တွင် ရန်ကုန်သို့ ပြန်ပြီး လာမည့်စာသင်နှစ်အမှီ မူလွန်ကျောင်းဆောက်လုပ်ခြင်းလုပ်ငန်းကို ပြန်လည်စတင်မည်ဖြစ်ပါသည်။
လိုအပ်ချက်များနှင့် လုပ်ရမည့် လုပ်ငန်းစဉ်များ
v သွပ် ၁၁ ပေ- ၂၅ ချပ် (ကျမော ၁၀ ချပ်မိုးပြီး၊ ၂၅ ချပ်မိုးရန်ကျန်) ၂၀၀ ၀၀၀
v အုဋ္ဌ် ၁၅ ၀၀၀ (ရွာပေါက်ဈေး) ၅၀၀ ၀၀၀
v ဘိလပ်မြေ (၅၀) လောလောဆယ်လိုအပ် ခန့်မှန်း ၃၅၀ ၀၀၀
v ကျောက်မှုန့် (၅၀) ခန့်မှန်း ၂၁၀ ၀၀၀
v ပြတင်းပေါက် (၁ရ)၊ တံခါးမကြီး (၃) ပေါက် ၂ ၀၀၀ ၀၀၀
v စာသင်ခန် (၃) ခန်း အတွက် စာသင်ခုံ- တွဲခုံ ၂၄ ၇၂၀ ၀၀၀
v စားပွဲ ၃ လုံး ၆၀ ၀၀၀
v ကုလားထိုင် ၃ လုံး ၃၀ ၀၀၀
v ဆရာ/ကျောင်းသား/ကျောင်းသူများအတွက် အိမ်သာ (၃) လုံး ၃၀၀ ၀၀၀
v ကျောင်းရှေ့ ၀ရန်တာ (၈) ခန်း ၂၀၀ ၀၀၀
v မျက်နှာကျက်
v သမံတလင်း (၂၀) ပေ ပတ်လည် (၃) ခန်း
၂၀၀၉-၂၀၁၀ ပညာသင်နှစ်တွင် (၅) တန်းကို စတင်ဖွင့်လှစ်ရမည်ဖြစ်၍ ရှေ့ဦးစွာ စာသင်ခန်း တစ်ခန်းကို ဇွန်လအမှီ ဆောက်လုပ်ရမည် ဖြစ်ပါသည်။ ၄င်းစာသင်ခန်းတစ်ခန်းအတွက် ခန့်မှန်းကုန်ကျမည့် ငွေမှာ (၁၅)သိန်း ကျော် ဖြစ်ပါသည်။
(ရ) တန်းအထိ မူလွန်ကျောင်း ဖြစ်ပေါ်ရေးအတွက် (၃)နှစ်ဆက်တိုက် ၂၀၁၁-၂၀၁၂ အထိ အနီးကပ် ကြီးကြပ် ဆောင်ရွက်ရပါမည်။
လိုအပ်နေသော ကျောင်းတည်ဆောက်ရေးလုပ်ငန်းများကို ဆက်လက်ဆောင်ရွက်ခြင်း
ကလေးငယ်တိုင်း စာသင်ကျောင်းထားရှိရေး ပညာပေးဆောင်ရွက်ခြင်း
လိုအပ်သော ကျောင်းဝတ်စုံ/စာရေးကိရိယာများလှူဒါန်းခြင်း
ဆရာ/မပြည်စုံစွာ ရရှိရေး သက်ဆိုင်ရာနှင့် စီမံဆောင်ရွက်ခြင်း
လိုအပ်ပါက လုပ်အားပေးဆရာ/မ များ (သို့)အငှားဆရာ/မ များရရှိရေးဆောင်ရွက်ခြင်း
ယဉ်ကျေးမှုနှင့် ပညာပေးလုပ်ငန်းများ ဆောင်ရွက်ခြင်း
အလယ်တန်းပြီးမြောက်ပါက အထက်တန်းပညာဆက်လက်သင်ကြားနိုင်ရေးဆောင်ရွက်ခြင်း
အစရှိသော လုပ်ငန်းများကို ဆက်လက် ဆောင်ရွက်သွားရပါမည်။
အရှင်ဣန္ဒ၀ံသ (ငဖဲ)
သာသနဓဇဓမ္မာစရိယ
B.Sc.(Maths), M. A. (Colombo)
indavamsa@gmail.com
ဆက်သွယ်ရန်လိပ်စာ
* အရှင်ဣန္ဒ၀ံသ (ငဖဲ)
ကံကြီးကျောင်း
ဇီးတောကြီးရွာ
ငဖဲမြို့နယ်
မကွေးတိုင်း။
** အရှင်ဣန္ဒ၀ံသ (ငဖဲ)
ရွှေစက်တော်ကျောင်း
ကျောင်းလမ်း
ဆရာစံ (န/မ)- ဂွတ္တလစ်
ဗဟန်းမြို့၊ ရန်ကုန်။ Ph: 0095-1-400469
မလေးရှားဖုန်း ၀၀၆၀-၁၆ ၃ ၅၆၇၆၉၆
No comments:
Post a Comment