အခြေခံပညာ မူလတန်းလွန်ကျောင်း
ဇီးတောကျေးရွာ၊ ငဖဲမြို့နယ်၊ မကွေးတိုင်း။
ကျေးရွာတွင် ကလေးငယ်များ မူလတန်းအောင်မြင်ပြီးဆုံးပါက အလယ်တန်းပညာကို ငဖဲမြို့သို့ တက်ရောက်ရာတွင် (၃)မိုင်ခန့်ခရီးဝေးကွာပြီး မန်းချောင်း၊ လယ်မြေ၊ မြောင်းများကို ဖြတ်သန်းရသဖြင့် လမ်းကြောင်းခက်ခဲခြင်း၊ လူကြီးမိဘများ နေ့စဉ်ကလေးများအတွက် ပြင်ဆင်ကြိုပို့ရသဖြင့် အလုပ်များခြင်း၊ ငွေကြေးကုန်ကျမှုများပြား၍ ကျောင်းဆက်မထားနိုင်ခြင်း၊ ကျေးရွာလူထုက ပညာရေး၏ တန်ဖိုးကို နားလည်မှုနည်းပါးခြင်း၊ ပတ်ဝန်းကျင်က အားပေးမှုမရှိဘဲ ကဲ့ရဲ့ရှုတ်ချပြစ်တင်မှုများခြင်းတို့ကြောင့် ကလေးငယ်များ ဆက်လက်ပညာ မသင်ကြားနိုင်တော့ဘဲ ကျေးရွာရှိ ကလေးငယ်များမှာ ပညာရေးအဆင့်အတန်း မတိုးတက်ဘဲ မိမိတို့ ကျေးရွာတွင်သာ မိရိုးဖလာတောင်သူလုပ်ငန်းသာ လုပ်ကိုင်ရ၍ ဆင်းရဲတွင်းနက်မြဲနက်နေပါသည်။
ယခုအခါ ဇီးတောမူလတန်းကျောင်းတွင် ကျောင်းသာ/သူ (၁၂၀)ခန့် ပညာသင်ကြားလျှက်ရှိပါသည်။ ဇီးတောကျေးရွာအုပ်စုတွင် စုစုပေါင်း အိမ်ခြေ ၆၀၀ ကျော်ရှိပါသည်။ ကျေးရွာအုပ်စုဝင်ဖြစ်သော ရှောက်ဝရွာ မူလတန်းကျောင်းတွင်လည်း ကျောင်းသား/သူ (၆၀)ခန့်နှင့် အိုးမြေတွင်းရွာ မူလတန်းကျောင်းတွင် ကျောင်းသား/သူ (၅၀) ခန့် ပညာသင်ကြားနေကြပါသည်။ထိုရွားများမှကျောင်းသား/သူများသည် အခြေခံပညာ မူလတန်းကျောင်းပြီးဆုံးပါက ဇီးတောမူလွန်ကျောင်းသို့ လာရောက်ပညာသင်ကြားမည့် သူများဖြစ်ကြပါသည်။
၂၀၀၅- ခုနှစ်တွင် သက်ဆိုင်ရာအာဏာပိုင် အဖွဲ့အစည်းက မိမိတို့ကျေးရွာအုပ်စုရှိ ကျေးရွာ တစ်ရွာတွင် အခြေခံပညာ မူလတန်းလွန်ကျောင်းအတွက် အဆောက်အဦး တည်ဆောက်နိုင်လျှင် မူလတန်းကျောင်းကို မူလွန်ကျောင်းအဆင့် တိုးမြှင့်ပေးမည်ဟု ပြောခဲ့သော်လည်း ကျေးရွာလူထုက မတည်ဆောက်နိုင်၍ မူလွန်ကျောင်းမဖြစ်နိုင်ခဲ့ပါ။
အထက်ဖော်ပြပါ အခက်အခဲများကို ဖြေရှင်းနိုင်ရန် ဦးဇင်းကိုယ်တိုင် ကျေးရွာပြည်သူလူထုကို ပညာရေးတန်ဖိုးနားလည်အောင်း ဟောပြောစည်းရုံး၍ အလှူငွေမတည်စိုက်ထုတ် ထိန်းသိမ်းပြီး ကျေးရွာတွင်း၌လည်း အလှူခံကာ မူလွန်ကျောင်းကို ကိုယ်တိုင်ကိုယ်ကျလှူဒါန်းဆောက်လုပ်လျှက်ရှိပါသည်။ ယခုအခါ ကျောင်းစီမံကိန်းမှာ ထက်ဝက်ခန့်ပြီးမြောက် အကောင်အထည်ဖော်နိုင်ခဲ့၍ ကျန်ထက်ဝက်ကိုလည်း လာမည့် ပညာသင်နှစ်အမှီ အကောင်အထည်ဖော်ရန်ကျန်ရှိနေပါသည်။ သို့ဖြစ်ပါ၍ ဒကာ/ဒကာမကြီးများ အနေနှင့် အခြေအနေကို သုံသပ်ဆင်ခြင်ပြီး လိုအပ်သောအကူအညီများ ဆောင်ရွက်ပေးနိုင်ရန် ဦးဇင်းအနေဖြင့် မေတ္တာရပ်ခံတင်ပြပါသည်။
(ဇီးတော. အခြေခံပညာမူလတန်းကျောင်းကို ၁၉၅၈ ခုနှစ်တွင် ဖွင့်လှစ်ခဲ့ပါသည်။)
မူလွန်ကျောင်း တည်ဆောက်ရခြင်း၏ ရည်ရွယ်ချက်များ
ကျေးရွာပြည်သူများ၏ ပညာရေးမြှင့်တင်နိုင်ရန်
ကလေးငယ်တိုင်း အလယ်တန်းပညာရေးကို ဆည်းပူးသင်ကြားနိုင်ရန်
ကျေးရွာတွင် ဘွဲ့ရပညာတတ်လူငယ်များ ပေါ်ထွန်းလာရန်
ပညာရေးဖြင့် ကျေးရွာလူနေမှု အဆင့်အတန်းကို မြှင့်တင်ပြီး ဆင်းရဲမွဲတေမှုကို တိုက်ဖျက်ရန်
ကျေးရွာလူငယ်များ အကျင့်စာရိတ္တ ခိုင်မာမြင့်မားရန်
ယခုနှစ် နွေရာသီတွင် ဦးဇင်းငယ်များက ဦးဆောင်၍ ကျေးရွာတွင် ယဉ်ကျေးမှုသင်တန်းကို
သင်ကြားပို့ချလျှက်ရှိပါသည်။
မူလွန်ကျောင်း တည်ဆောက်မှုအဆင့်ဆင့်(ACTIVITIES)